ရွှေတောင်မြို့နယ်တွင် လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရွှေတောင်မတ် ၁၀

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ကျွန်းကလေးအုပ်စုပဒေသာ ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက လေပြင်းကာကွယ်ရေးလုပ်ငန်းများအား ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွန်းက​လေးကျေးရွာအုပ်စု ပဒေသာကျေးရွာရှိ ခိုင်ခံမှုအားနည်းသောအိမ်ခြေ (၉၀)အိမ်အားတစ်အိမ်ထောင်လျှင် ဝါးထရံ (၄)ချပ်၊ ဝါးအလုံး (၂၀) လုံး၊ သွပ်နန်းကြိုးခွေတစ်ခွေ တန်ဖိုးငွေကျပ် သုံးသောင်း နှုန်းဖြင့် အိမ်ခြေ (၉၀) အိမ်ခြေအတွက် စုစုပေါင်းငွေကျပ် (၂၇၀၀၀၀၀)ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနလက် ထောက်ညွှန်ကြားရေးမှူး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးရေး ဦးစီးဌာန ဦးစီးမှူး၊ ရွှေတောင်မြို့နယ် လုံခြုံရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း ပြန်/ဆက်