တောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားအား Zoom Application ဖြင့် ကျင်းပ

တောင်ကြီး   မတ်    ၁၀

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားအား ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်က Zoom Application ဖြင့် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်နယ်အဆင့် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဉမ္မာနေထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်နယ်အဆင့် အမျိုးသမီးကော်မတီအတွင်းရေးမှူး ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးထွန်းဦးက အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့ လာသည့် သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အမျိုးသမီးကော်မတီ အဖွဲ့ဝင်များက Zoom Application ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

ဇော်နိုင်လင်း