တွံတေးမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပူးပေါင်းအဖွဲ့မှ ဌာနဆိုင်ရာရုံးများအား ကွင်းဆင်း စစ်ဆေး

တွံတေး မတ်   ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတို့ ပူးပေါင်းအဖွဲ့မှ မြို့နယ်ဌာနဆိုင်ရာရုံးများအား ယမန်နေ့နံနက်(၁၀)နာရီ အချိန်က သွားရောက်၍ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ယခုအချိန် ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်သဖြင့်မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များနှင့် မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ ဝန်ထမ်းများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေးအတွက် မိမိရုံးတွင်း သုံးစွဲသည့် လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်း ပျက်စီးခြင်းရှိ/ မရှိ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်အောင် လျှပ်စစ်မီးကို အထူးသတိပြု၍  သုံးစွဲကြရန်၊ ရုံးဆင်း၊ ရုံး​ပြန်တွင် မီးနှင့်ပန်ကာပိတ်ရန်၊ မိန်းချရန် မီးဘေးကြိုတင် ကာကွယ် နိုင်ရန်အတွက် ထားရှိအပ်သော ရှေးဦးမီးငြိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ရေအိတ်၊ မီးသတ်ရေပုံးများ၊ မီးသတ်ဆေးဗူးများအား အသင့်တပ်ဆင်ထားရှိကြရန်၊ မီးသတ်ဆေးဗူးများ ဟောင်းနွမ်းနေပါက အသစ်လှဲလှယ်တပ်ဆင်ကြရန် ဌာနဆိုင်ရာရုံးများအား ကွင်းဆင်းစစ်ဆေးကာ အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။

တွံတေးသား