ပုဏ္ဏားကျွန်းမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)လမှတစ်နှစ်ခွဲအောက် ကလေးများ အား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံ

ပုဏ္ဏားကျွန်း မတ် ၁၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)လမှတစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး ထိုးနှံခြင်းကို   ယမန်နေ့က ပုဏ္ဏားကျွန်းမြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာနနှင့် သတ်မှတ်စုရပ်နေရာ အသီးသီးတို့၌ တိုက်ကျွေး ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးငယ်များကို ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ တိုက်ကျွေးထိုးနှံပေးလျက်ရှိရာ ကလေးငယ် များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်နှင့် အသည်းရောင်အသားဝါ၊ ဦးနှောက်အမဲရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုပ်ရောင်(PCV)၊ ဝက်သက်ဂျိုက်သိုး၊ ပြင်းထန်ဝမ်းလျှော(ရိုတာ)နှင့် ပိုလီယို ကာကွယ်ဆေးစသည့် ရောဂါကာကွယ်ဆေးများအား ထိုးနှံတိုက်ကျွေးခြင်း တို့ကို ဆောင်ရွက်ပေး လျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို အသက်(၂)လမှတစ်နှစ်ခွဲအောက် ကလေးငယ်များအား သတ်မှတ်ရက်ပြည့်သူများကို အလှည့်ကျစနစ်ဖြင့် ပုံမှန်(၅)ကြိမ်အထိ၊ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ထိုးနှံတိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)