နမ့်စန်တွင် ကျေးရွာများအရောက်ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

နမ့်စန်() မတ် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရမည့်သူများအားလုံးကို ရာနှုန်းပြည့် (၁၀၀%) ပြည့်မှီစွာထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ကွင်းဆင်းကာကွယ်ဆေးထိုးအဖွဲ့များဖွဲ့စည်း၍ ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်ဆရာဝန်ကြီးဒေါက်တာမျိုးမင်းခိုင်တို့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကာကွယ်ဆေးထိုးနှံရေးအဖွဲ့များက  ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ကာကွယ်ဆေးထိုးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နမ့်စန်မြို့နယ်မှ မိုင်းစိတ်ကျေးရွာအုပ်စု၊ ဝမ်ပိန်းကျေးရွာအုပ်စု၊ မက်မွန်မုန်းကျေးရွာ အုပ်စု၊ နမ့်လစ်ကျေးရွာအုပ်စု၊ ပိန်းဆည်ကျေးရွာအုပ်စုနှင့် ခိုလမ်မြို့မှ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်တို့တွင် ကွင်းဆင်း၍ ကာကွယ်ဆေးထိုးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် သက်ဆိုင်ရာ ကာကွယ်ဆေးထိုးနှံရေးအဖွဲ့များက  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ရပ်ကွက်နှင့် ကျေးရွာများ၌ အလှည့်ကျအသုတ်အလိုက် နေ့စဉ်ထိုးနှံ ပေးလျက်ရှိရာ မတ်လ ၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီး စီးသူ ၅၄၈၅၇ ဦး၊ နှစ်ကြိမ် ထိုးနှံပြီးစီးသူ ၉၂၄၃ ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေး (Booster Dose )ထိုးနှံပြီးစီးသူ ၃၉၅ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)