ကျေးသီး မတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ကျေးသီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (မွေးဘဏ်စနစ်)ဖြင့် မွေးမြူထားသော မျိုးကောင်းမျိုးသန့် ဒေသနွားအတွက် အသားတိုး နွားစာအိတ်များ ဖြန့်ဖြူးပေးခြင်း အခမ်းအနားကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကျေးသီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးထူးထက်နှင့် အဖွဲ့ဝင် များ တက်ရောက်ပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်ဆန်းဝင်းက (မွေးဘဏ်စနစ်)ဖြင့် မွေးမြူထားသော မျိုးကောင်း မျိုးသန့်ဒေသနွားအတွက် အသားတိုးနွား စာအိတ်ဖြန့်ဖြူး ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အသားတိုးနွားစာအိတ်များအား တာဝန်ရှိသူများက အသီးသီးပေးအပ်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြကြောင်း ကျေးသီးမြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။
သဲစုပိုင်(ကျေးသီး)