ငရုတ်ကောင်းမြို့၌ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးနည်း အသိပညာပေး Talk Show ဆောင်ရွက်

ငရုတ်ကောင်း မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၂နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးနည်း အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကျော်မာလာလွင်က မြန်မာနိုင်ငံသည် ရေမြေတောတောင်သဘာဝတွေနှင့် ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသတွေမှာ နေထိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြသည့်အတွက် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးနည်း အသိပညာပေး Talk  Show ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး စိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဖြိုးဝေနိုင်က တောင်သူများအနေဖြင့် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော နေကြာစိုက်ပျိုးခြင်းကို အခြား ဆောင်းသီးနှံ ပဲမျိုးစုံစိုက်ခင်းများအတွင်း သီးထပ် သီးညှပ် စိုက်ပျိုးသည့်အပြင် သီးသန့်စိုက်ခင်းများဖြင့်လည်း စိုက်ပျိုးနိုင်ကြောင်း ပြောကြားခဲ့သည်။ နေကြာစိုက်ပျိုးခြင်းဖြင့်လည်း စားသုံးဆီဖူလုံစွာရရှိနိုင် ကြောင်းနှင့်လာမည့် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင်လည်း မျိုးကောင်းမျိုးသန့် ပြန်လည်အသုံးပြု ဖြန့်ဝေနိုင်ရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အကျယ်တဝင့် ပြောကြားအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)