ပန်းတောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေး

ပန်းတောင်း မတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်း​တောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လ ပြည့်ပြီးသည့်  ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယ‌နေ့နံနက်ပိုင်းက ​ဆေးထိုးစုရပ် (၃)နေရာတွင်  ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

ထို့နောက် Booster Doseထိုးနှံပေးရာတွင် ဆေးထိုးစုရပ်(၃)နေရာဖြစ်သည့် ရွှေပင်ရပ်ကွက် (နာဂမုနိဓမ္မာရုံ)၊ ညောင်ပင်အုပ်စု(တောမအလည်)၊ နတ်မောက်အုပ်စု (ပြည်လုံးချမ်းသာဘုရားတို့တွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံဆောင်ရွက်ပေးနေကြောင်းသိရကာ ကာကွယ်ဆေးလာရောက်ထိုးနှံသူများ စိတ်အေးချမ်းစွာ ထိုးနှံ နိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယနေ့ဆေးထိုးစုရပ် (၃)နေရာတို့တွင် ထိုးနှံသွားမည် ဖြစ်ကြောင်း သိရသည်။

သင်းသင်းအေး