ကော့မှူး မတ် ၁၀
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနမှ ရုံးဌာနများတွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်က အမှတ်(၃၆) စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ် စီမံကိန်းဦးစီးရုံး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများ၌ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်များထားရှိမှု အခြေအနေများနှင့် မီးဘေးလုံခြုံရေးအကြံပြုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့မီးဘေးလုံခြုံရေးအတွက် အကြံပြုစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ် မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်နှင့်တပ်ဖွဲ့ဝင်များက မီးလောင်ကျွမ်းမှု ဖြစ်ပေါ်လာပါက မီးငြှိမ်းသတ်ရန် နည်းလမ်းများ၊ မီးသတ် ဆေးဘူးအသုံးပြုပုံ၊ မီးဘေးအန္တရာယ် ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကို ပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များကဝန်ထမ်းများကို အရေးပေါ်မီးငြှိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူးအသုံး ပြုနည်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ကျော်သူရ