ဝမ်းတွင်း မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် စက်ရုံအလုပ်ရုံများတွင် စစ်ဆေးခြင်းများကို ယမန်နေ့က မြို့နယ် မီးသတ်ဦးစီးဌာနမှ ကွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ရေးအဖြစ် မြို့နယ်မီးသတ်ဦးစီးမှူးဦးစိုးထွန်းဦးဆောင်၍ မြို့နယ်အတွင်းရှိ စက်ရုံ၊အလုပ်ရုံနှင့် ဈေးများ တွင် သတ်မှတ်သောနေ့ရက်များအလိုက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဝမ်းတွင်း မြို့နယ် ညောင်ပင်သာကျေးရွာအနီးရှိ LEADERS OF TEXTILE PUBLIC CO.LTD ဆောင်ရွက်ခဲ့ရာ စက်ရုံအတွင်း မီးဘေးလုံခြုံရေးအတွက် လိုက်နာရမည့်လုပ်ငန်းအချက် များကိုစစ်ဆေးခြင်း၊ ဒုတိယမီးသတ်ဦးစီးမှူးစည်သူငွေစိုး ၊ဒုတိယမီးသတ်ဦးစီးမှုးဟိန်းမင်းထွန်းတို့မှ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောဆွေးနွေးခြင်း၊ မီးသတ်ဆေးဗူးအသုံးပြုပုံများကို ရှင်းလင်းပြသခဲ့ပြီး စက်ရုံဝန်ထမ်းများမှ မီးသတ်ဆေးဗူး အသုံးပြုခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါမီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်း နှင့်ဟောပြောဆွေးနွေးခြင်း၊ လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းများကို မြို့နယ်မီးသတ် ဦးစီးမှူးဦးစိုးထွန်းဦးဆောင်၍ ဒုတိယမီးသတ်ဦးစီးမှူးစည်သူငွေစိုး၊ ဒုတိယမီးသတ်ဦးစီး မှူးဟိန်းမင်းထွန်း၊ မီးသတ်စခန်းအရာရှိများ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)