တံတားဦး မတ် ၁၀
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော နိုင်ငံသားကတ် တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန်အတွက် မြို့နယ်ဦးစီးရုံးနှင့် ကျေးရွာများအရောက် ဆောင်ရွက်ရာ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ သိရသည်။
ထိုသို့ ဆောင်ရွက်ရာပေးတွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး လက်ထေက်ညွှန်ကြားရေးမှူး ဦးတင်သန့်ဆွေနှင့် ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်း၌ အမည်ပါရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား တစ်ကြိမ်တစ်ခါမျှ ကိုင်ဆောင်ဘူးခြင်းမရှိသည့် (၄-၁၁-၂၀၀၄) မတိုင်မီ မွေးဖွားသည့် အသက် (၁၆) နှစ်ပြည့်ပြီးသူများနှင့် အမ်ထောင်စု လူဦးရေစာရင်း၌ အမည်ပါပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား တစ်ကြိမ်တစ်ခါမျှ ကိုင်ဆောင်ဘူးခြင်းမရှိသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကို နိုင်ငံသား စိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက် လုပ်ငန်းများ ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြပြီး ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးကြောင်းသိရသည်။
တံတားဦးမြို့နယ်တွင် ရပ်ကွက်(၃)ရပ်ကွက် ၊ ကျေးရွာအုပ်စုပေါင်း (၆၁) အုပ်စု၊ ကျေးရွာပေါင်း (၁၆၅) ရွာ ရှိပါကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော နိုင်ငံသား ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန်အတွက် (၁၀၃၆၀) ဦး လျာထားပြီး အသက် (၁၆) နှစ်မှ (၁၈) နှစ်အကြား၊ နိုင်-၃ (က) ဆောင်ရွက်ပြီးသူ (၁၅၇၉) ဦး၊ အသက် (၁၈) နှစ်နှင့်အထက် နိုင်-၆ (က) ဆောင်ရွက်ပြီးသူ (၃၂၅၇) ဦးနှင့် မဲစာရင်းတွင်ပါရှိပြီး နိုင်ငံသားမှတ်ပုံတင်အမှတ် ဖြည့်စွက်ပြီးသူ (၅၅၂၄) ဦး ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ရဲတင့်