မိုင်းကိုင်မြို့နယ်၌ မြို့တွင်းလမ်းနှစ်သွယ် ကျောက်ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

မိုင်းကိုင် မတ် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ စည်ပင်သာယာရေးဦးစီးဌာနမှ ၂၀၂၁−၂၀၂၂ ဘဏ္ဍာရေးနှစ်၌ မြို့တွင်းလမ်းနှစ်သွယ်  ကျောက်ကတ္တရာခင်းခြင်းလုပ်ငန်းကို  ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သဖြင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စီစစ်ရေးကော်မတီမှ ပြီးစီးမှုအခြေအနေများကို ယနေ့နေ့လည်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ  လမ်းများမှာ  မိုင်းကိုင်မြို့နယ်၊ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ အမှတ်(၁)ရပ်ကွက်၊ ဝါဆိုကျောင်းလမ်း(၃၀၀×၁၂×၆)ပေနှင့် အမှတ်(၅)ရပ်ကွက်၊ မွေတော်တောင်ကျောင်းလမ်း (၃၅၀×၁၂×၃)ပေ တို့ဖြစ်ပြီး ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ မတ်လအတွင်းတွင် ဌာနရန်ပုံငွေဖြင့်   ကျောက်ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ်၊ မတ်လ ပထမအပတ်၌  ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)