နောင်ချိုမြို့နယ်တွင် စည်ပင်သာယာရေးဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်းများအား ဈေးပြိုင် လေလံစနစ်ဖြင့် စိစစ်ရောင်းချ

နောင်ချို      မတ်     ၁၁  

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ပထမအကြိမ် ဈေးပြိုင် လေလံစနစ်ဖြင့် စိစစ်ရောင်းချခြင်းကို ယမန်နေ့က မြို့နယ်ခန်းမှ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးမှ အဖွင့်အမှာစကား ပြောကြားပြီး စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးဝင်းဇော်က လေလံရောင်းချခြင်းဆိုင်ရာ စည်းကမ်း များနှင့် လုပ်ငန်းဆိုင်ရာစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချရာတွင် အရပ်ရပ်အခွင့်အရေးလိုင်စင်(၄)ခုအား လိုင်စင်ကြေးကျပ် (၁၆၇၄.၂၀)သိန်းဖြင့်လည်းကောင်း၊ သားသတ်လုပ်ငန်းလိုင်စင် (၁၈)ခုအား လိုင်စင်ကြေး ကျပ် (၂၄၀၇.၅)သိန်းဖြင့်လည်းကောင်း ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေးဌာနမှသိရသည်။

ထွေးငယ် ၊ ပြန်/ဆက်