သင်္ဃန်းကျွန်း မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ သင်္ဃန်းကျွန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအတွက် စာစစ်ဌာန သုံးခုထားရှိထားပြီး ကျောင်းသား၊ ကျောင်းသူ ၁၃၂၀ ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်သည်။
မတ် ၃၁ ရက်မှာ ကျင်းပမယ့် တက္ကသိုလ်ဝင် စာမေးပွဲမှာဆိုရင် သင်္ဃန်းကျွန်းမြို့နယ်အနေနဲ့ စာစစ်ဌာန သုံးခုရှိပါတယ်၊ အ.ထ.က(၁) သင်္ဃန်းကျွန်းမှာ ၄၇၀ ဦး၊ အ.ထ.က(၄) သင်္ဃန်းကျွန်းမှာ ၄၇၀ ဦး၊ အ.ထ.က(သုဝဏ္ဏ ) သင်္ဃန်းကျွန်းမှာ ၃၈၀ ဦး၊ စုစုပေါင်း ၁၃၂၀ ဦး ဖြေဆိုဖို့ လျှောက်လွှာတင်ထားပြီး ဖြစ်ပါတယ်ဟု မြို့နယ်ပညာရေးမှူး ဉီးသိန်းထွန်းထံ မှသိရပါသည်။
စန္ဒာမိုး