၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်လိုင်စင်များ ညောင်ရွှေ၌ လေလံတင်ရောင်းချ

ညောင်ရွှေ မတ် ၁၁

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာန၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ လေလံတင်ရောင်းချခြင်းတွင် အရပ်ရပ်အခွင့်အရေးလိုင်စင် ၁၉ ခုအနက် ၁၆ ခုအား ကြမ်းခင်းဈေး ၁၃၀၄၂၀၀၀၀ကျပ် အပေါ်တွင် လိုင်စင်ကြေး ၁၃၅၉၅၀၀၀၀ကျပ်ဖြင့်လည်းကောင်း၊ သားသတ်လုပ်ငန်းလိုင်စင် ၂၅ ခုအနက် ၂၁ ခုအား ကြမ်းခင်းဈေး ၉၁၁၈၀၀၀၀ကျပ် အပေါ်တွင် လိုင်စင်ကြေး ၁၉၁၅၅၀၀၀၀ကျပ်ဖြင့်လည်းကောင်း ရောင်းချခဲ့သည်။

လေလံတင်ရောင်းချခြင်းသို့ ပြည်နယ်စည်ပင်သာယာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦးနှင့် တာဝန်ရှိသူများ၊ လေလံဆွဲဝယ်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်