မော်လမြိုင် မတ် ၁၁
၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ် ပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပ ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်အနေဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်နိုင်ရေးအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး၊ ဆရာတော် ကြီးများနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီးများအား ဆွမ်းဆက်ကပ်နိုင်ရေး၊ ဆွမ်းခြောက်များ လောင်းလှူရေး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီဝင်များ က ဝိုင်းဝန်းပူပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်၊၊
ဆက်လက်ပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်၊၊ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပနိုင်ရေးအတွက် တိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ စာပေ၊ ယဉ်ကျေးမှု၊ အနုသုခုမဓလေ့ထုံးတမ်း အစဉ်အလာများကို အထူးစောင့်ရှောက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများကိုလည်း အထူးအလေးပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ပြည်နယ်အကျိုး၊ ပြည်ထောင်စုအကျိုးကို အခြားတိုင်းရင်းသား ညီအစ်ကိုမောင်နှ များနှင့်အတူ လက်တွဲနေထိုင်ကြစေလိုကြောင်း၊ မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းနိုင်ရေး၊ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး တို့ကို ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်ကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိများ၏ တင်ပြဆွေးနွေးမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။ မွန်ပြည်နယ်အနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ် အလာများကို အစဉ်တစိုက် ထိန်းသိမ်းလာခဲ့ကြောင်း၊ အစဉ်အလာကြီးမားသည့် မွန်တိုင်းရင်းသား လူမျိုးများသည် မြန်မာနိုင်ငံအတွင်းသို့ အစောဆုံး ဝင်ရောက်နေထိုင်ကြသည့် တိုင်းရင်း သားလူမျိုးများ ဖြစ်ကြောင်း၊ တိုင်းရင်းသားများအားလုံး ကျေးလက်နှင့်မြို့ပြ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်မြတ်သီတာ(ပြန်/ဆက်)