မြို့မစည်ပင်သာယာဈေးသို့ သွယ်တန်းထားသည့်‌မီးသတ်‌ ရေပိုက်လိုင်းများ ကောင်းမွန်မှုရှိမရှိ စစ်ဆေး ခြင်းနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေး မီးငြှိမ်းသတ်နည်းသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ရေဦး  မတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ မတ် ၁၄ ရက်နေ့လည် ၁ နာရီက မြို့မစည်ပင်သာယာဈေးကြီးတွင် မီးသတ်ရေပိုက်လိုင်းများ ကောင်းမွန်မှုရှိမရှိစစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ရာမြို့နယ်စီမံအုပ်ချုပ်‌ ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ မြို့မ ရဲစခန်းစခန်းမှူး မျိုးအောင်နှင့်အဖွဲ့၀င်များ၊ စည်ပင်သာယာရေးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးဇော်ခင်နှင့် ၀န်ထမ်းများ၊ ဈေးအကျိုးတော်ဆောင်များ တက်ရောက်အား‌ပေးခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက ဈေးအတွင်း သွယ်တန်းထားသည့် မီးသတ်ရေပိုက်လိုင်းနှင့်‌ ‌‌ ရေငုတ်များ‌ ကောင်းမွန်မှုရှိမရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေပိုက်လိုင်းများ အချိန်မရွေး အသုံးပြုနိုင်‌သည်အထိ ဆောင်ရွက်ထားရှိရန် မှာကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးမှုး ဦးဆာမူအဲနှင့် ဒုမီးသတ်ဦးစီးမှုး ဦးအောင်ကိုနိုင်တို့က  မီးဘေးနှင့် သဘာ၀ဘေးအန္တရာယ်အကြောင်းကိုလည်းကောင်း၊ မီးသတ်ဆေးဘူးတွင်ပါရှိရမည့် သတ်မှတ်ချက် အရည်အ‌သွေး ပြည့်၀မှုရှိမရှိ စစ်ဆေးနည်း၊ မီးသတ်ဆေးဘူးအသုံးပြုနည်း၊ မီးငြှိမ်းသတ်နည်း၊ ဆီမီးလောင်မှု ရေစိုအ၀တ်အသုံးပြု မီးငြှိမ်းသတ်နည်းများကို လက်တွေ့ပြသပေးခဲ့သည်။

ထို့ပြင် ဈေးသူဈေးသားများအား မီးဘေးနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာပါ အသိပညာ ပေးလက်ကမ်းစာစောင်များကိုလည်း ပေးဝေခဲ့ကြသည်။

ထို့နောက် ဈေးသူဈေးသားများက မီးငြှိမ်းသတ်နည်း သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုတွင် ပူးပေါင်းပါ၀င် လုပ်ဆောင်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန သန္ဓေတပ်ဖွဲ့၀င်များက မီးငြှိမ်းသတ် ယာဉ်ဖြင့် မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြ‌ကြောင်း သိရသည်။

မြို့နယ် (ပြန်/  ဆက်)