ဘောဂလိမြို့တွင် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

ဘောဂလိ   မတ်   ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်က ပြည်သူများအနေဖြင့် အသိပညာဗဟုသုတ ရရှိစေရန်အတွက် စာအုပ်စာစောင်များ လေ့လာဖတ်ရှုရမည်ဖြစ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင်သာယာလှပရေးသည် လူသားအားလုံးတို့အတွက် မဖြစ်မနေ ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ဖြစ်ကြောင်း အသိပညာပေးပြောကြားပြီး သဘာဝပတ်ဝန်းကျင်စိမ်းလန်းဖို့ သစ်တောသစ်ပင်ထိန်းသိမ်းကြစို့၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ဖျက်စီးခြင်းဖြင့် ကမ္ဘာကြီးကိုကယ်တင်ပါ၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး မှတ်တမ်းဓါတ်ပုံနှင့် နံရံကပ်စာစောင်များ ပြသထားရှိမှုကို ဒေသနေပြည်သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရပါသည်။

စောဂျိုးဇက်ဂျူး