အမြို့မြို့အနယ်နယ်သတင်းများ

Mar 14,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများ အား အဋ္ဌမအသုတ်(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) ထိုးနှံ ပေးခြင်းကို ပေါက်တောမြို့နယ် ကုလားချောင်း ကျေးလက်ကျန်းမာရေးဌာနစုရပ်တွင် ယမန်နေ့ နံနက် (၉)နာရီက စတင်ထိုးနှံပေးလျက်ရှိသည်။
Mar 14,2022
ဟားခါးမြို့၌ ယမန်နေ့က ပြည်သူ ၅၄ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။
Mar 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ သီရိဟေမာရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း (၂)ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁:၁၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ရှိ အတုလဗုဒ္ဓမဟာ စွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ကြီး ဖွင့်ပွဲအခမ်းအနားကို ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း (၁၂)ရက်၊ ၂၀၂၂ခုနှစ်၊ မတ်လ (၁၃) ရက်နေ့ နေ့လည်(၁၂း၀၀)နာရီ အချိန်က မြတ်စွယ်တော် တန်ဆာင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်အတွင်းရှိ ပြည်သူ များအား ပေးအပ်ခဲ့ကြောင်း သိရသည်။
Mar 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ ပြည်သူများအ​​နေဖြင့် ပူပြင်း​ခြောက်​သွေ့​​သော ​နွေရာသီသို့​ရောက်ရှိလာပြီဖြစ်သဖြင့် မိမိတို့၏​နေအိမ်များ၊ အစိုးရဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်အတွင်းရှိ အများပြည်သူအ​ဆောက်အဦးများ၊ အစိုးရဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်း များကို ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ​ ဆောင်ရွက်ခဲ့ကြသည်။
Mar 14,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်တားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးသရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် သင်္ဃန်းကျွန်းစျေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ လေပြင်းဘေး ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့‌ပေးအပ်ပွဲ အခမ်းအနားကို ယနေ့  နံနက် ၉ နာရီအချိန်က တဇင်ရေကျော်ကျေးရွာ အုပ်စု၌ ကျင်းပခဲ့သည်။