တိုက်ကြီး မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရေး ပြည်သူများ နေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်း စည်း (Mask)များ စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign) ကို ယမန်နေ့နံနက် ၇ နာရီ အချိန်ခန့်က ဈေးရပ်ကွက် မြို့လယ် ဘုရားလေးလမ်း၌ ပြုလုပ်ခဲ့သည်။
ထိုသို့ ပြည်သူများ ပါးစပ်/နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign) ဆောင်ရွက်ရာတွင် ဈေးရပ်ကွက် မြို့လယ်ဘုရားလေးလမ်းတွင် ဖြတ်သန်းသွားလာ နေသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် နိုင်ရေးအတွက်နေအိမ်မှ ထွက်ခွာတိုင်း မဖြစ် မနေ ပါးစပ်/ နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ တပ်ဆင်ခြင်း မရှိသည့် ပြည်သူများအား Mask များကို အခမဲ့ဖြန့်ဝေပေး၍ စနစ်တကျတပ်ဆင်စေခြင်းတို့ကို အသိပညာပေး ဆောင်ရွက် ခဲ့ပြီးပါးစပ်/ နှာခေါင်းစည်း (Mask) ၁၂၅၀ ခုအား ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ (Mask Campaign) ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ တိုက်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့များ၊ မြို့နယ်မီးသတ်ဉီးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်