အမြို့မြို့အနယ်နယ်သတင်းများ

Mar 13,2022
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီး ဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုး‌ရေးသင်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁ဝ နာရီက နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုး‌ရေးသင်တန်းကျောင်းခန်းမ၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 13,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ စီစဉ်ဖွင့်လှစ်သည့် ကြပ်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ၁/၂၀၂၂ ကို ယနေ့ နံနက်က စတင်ကာ အောက်ကျင်း ရပ်ကွက်၊ အုဖ္ပိုလ်တန်းလမ်းရှိ အာရဗီစာသင်ကျောင်း၌ စတင်ဖွင့်လှစ်ခဲ့သည်။
Mar 13,2022
သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ပိုးသတ်ဆေးများနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ် ကင်းစွာ စနစ်တကျ ကိုင်တွယ်သုံးစွဲခြင်းနည်းပညာပေးဆွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Mar 13,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကသာမြို့တော် ခန်းမ၌ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 13,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် မီး စနစ်တကျသုံးစွဲရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည ၈ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ဆောင်ရွက်လျက်ရှိသည်။
Mar 13,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားလာ စေရန် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များအား အ
Mar 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေနိုင်ရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယမန်‌နေ့က ပုံပါကျင်မြို့၊ မိုင်းဟန်‌ကျေးရွာ အုပ်စုအတွင်း သွားလာရခက်ခဲသော တောင်ပေါ်ဒေသများဖြစ်ကြသည့် လွယ်ချီလိတ်ရွာ၊ မလုံလားရွာ၊ ယာခါးရွာနှင့် နားဖယောင်း ကျေးရွာနေ ပြည်သူများထံသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။