အိမ်မဲ မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေး ဥပဒေအသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးလေးလွင်က စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်(၈)ချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်(၁၁)ချက်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ Talk Show များ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ စာအုပ်စာစောင်ပြပွဲများ၊ ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)