ရေနံချောင်းတက္ကသိုလ်၌ ငါး/ပုစွန်များတွင် ဖြစ်ပွားတတ်သော ‌ရောဂါများအကြောင်း အသိပညာပေးဟောပြော

ရေနံချောင်း မတ် ၁၄

မကွေးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဉီးစီးဌာနနှင့် ရေနံချောင်းတက္ကသိုလ်တို့ ပူးပေါင်း၍ ငါး/ပုစွန်များတွင် ကျရောက်တတ်သော ရောဂါများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက တက္ကသိုလ် ပတ္တမြားခန်းမ၌ ပြုလုပ်သည်။

ရှေးဉီးစွာ ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ်ဒေါက်တာ ချိုချိုမြင့်က အဖွင့်အမှာ စကားပြောကြားရာတွင် ယခုလို ငါးလုပ်ငန်းဉီးစီးဌာနနှင့် ပူးပေါင်းပြီး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခြင်းဖြင့် ကျောင်းသား ကျောင်းသူများနှင့် ငါး/ပုစွန်မွေးမြူရေးလုပ်ငန်း စိတ်ပါဝင်စားသူများအတွက် ကျောင်းသင်ခန်းစာများနှင့် လက်တွေ့နယ်ပယ်တွင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ငါး/ပုစွန်မွေးမြူရေးလုပ်ငန်းများနှင့် ရောဂါကင်းသော ငါး/ ပုစွန် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဉီးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မေသန္တာဝင့်က ငါးစားသုံးမှု ဖူလုံစေရန်နှင့် ရောဂါကင်းသော ငါး/ပုစွန်များ စားသုံးနိုင်ရန်အတွက် စနစ်တကျ မွေးမြူထုတ်လုပ်နည်းများ၊ ငါး/ ပုစွန်များတွင် ကျရောက်သော ကပ်ပါးပိုးမွှားများကြောင့် ဖြစ်ပွား တတ်သောရောဂါများ၊ ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရန်ကာကွယ်နည်းများစသည့် ငါး/ပုစွန် မွေးမြူထုတ်လုပ်သူများအနေဖြင့် ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ဆောင်ရန်/ရှောင်ရန် နည်းလမ်းများ ကို အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ ရေနံချောင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ ချိုချိုမြင့်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာယဉ်ယဉ်အေး၊ သင်ကြား/စီမံဌာနမှ ပါမောက္ခ ဌာနမှူးများ၊ သတ္တဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာစံပါယ်နှင့် ကျောင်းသား၊ ကျောင်းသူ များနှင့် ငါး/ပုစွန်ကျန်းမာရေး စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်