ကာမိုင်းမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ဆက်လက်ထိုးနှံပေး

ကာမိုင်း မတ် ၁၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ပြည်သူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံ‌ပေးခြင်းကို တိုက်နယ်ပြည်သူဆေးရုံတွင် ယမန်နေ့ နံနက်(၉)နာရီမှ မွန်းလွဲ(၂)နာရီအထိ ထိုးနှံပေးခဲ့‌သည်။

အဆိုပါ ကာကွယ်ဆေး မထိုးနှံမီ မှတ်တမ်းရေးသွင်းခြင်း၊ အမည်စာရင်းခေါ်ပေးခြင်း၊ နေရာ ချထားပေးခြင်းတို့ကို ပညာရေးဝန်ထမ်းနှင့် ကာမိုင်းကြက်ခြေနီအသင်းခွဲငယ်မှ အဖွဲ့ဝင်များက ဆောင်ရွက်ကြ၍ ကာကွယ်ဆေးကို ကာမိုင်းမြို့ တိုက်နယ်ဆေးရုံဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးပြီး အချိန်သတ်မှတ်ပေးခြင်းများကို ပူးပေါင်းဆောင်ရွက်ကြ၍ နာရီဝက် စောင့်ကြည်ပြီး မှသာ ပြည်သူများကို ပြန်လည်စေလွှတ်ပေးပြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး sinovac ဆေး အလုံးရေ (၄၄.၅)လုံး ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်းဖြင့် ထိုးနှံပေးခဲ့ရာ စုစုပေါင်းလူဦးရေ (၈၇)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။ လဆိုင်း(ပြန်/ဆက်)