ကျောင်းကုန်း မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့မစျေးအတွင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအဖွဲ့တွင် မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်ပြီး မြို့မစျေးအတွင်းဖွင့်လှစ်ရောင်းချနေသည့် စျေးဆိုင်များအား ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်ရောင်းချရေး၊ စျေးရောင်းစျေးဝယ်များအနေဖြင့် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်အသုံးပြု၍ ရောင်းဝယ်စေရေးတို့အား အသိပေးကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)