ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကော်ဖီစိုက်တောင်သူများ မဲနယ်တောင်ဒေသ ကော်ဖီစိုက်ခင်းသို့ လာရောက်လေ့လာ

ဟိုပုံး မတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ ဗန်းစောက်ကျေးရွာရှိ ကော်ဖီစိုက်တောင်သူ ဦးခွန်အောင်ထွန်းနှင့် လုံဟေးကျေးရွာရှိ ကော်ဖီစိုက် တောင်သူ ဦးခွန်ဇော်ကြီး၏ ကော်ဖီစိုက်ခင်းသို့ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကော်ဖီစိုက် တောင်သူများ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းနှင့် ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးလှဝင်းတို့က  ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုးတုံ၊ ကျိုင်းလတ်၊ တာလေ၊ မိုင်းလား၊ မိုင်းယောင်း၊ မိုင်းခတ်၊ မိုင်းဆတ်၊ တာချီလိတ်မြို့များမှ ကော်ဖီစိုက်ပျိုးသည့် တောင်သူများအား ကော်ဖီပင်စနစ်တကျ ပျိုးထောင်စိုက်ပျိုနည်း၊ စနစ်တကျကိုင်းဖြတ်ပြုစုနည်း၊ မြေဩဇာကျွေးနည်းနှင့်် စနစ်တကျခူးဆွတ် နည်းများကို တောင်သူဦးခွန်အောင်ထွန်းမှ Farmer to Farmer လက်ဆင့် ကမ်းဖြန့်ဝေခဲ့ပြီး ကော်ဖီခွံမှ သဘာဝမြေဆွေးပြုလုပ်သုံးစွဲနည်းကို ဟိုပုံးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်တွေ့ရှင်းလင်းသရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ Greengold ကော်ဖီ အစုအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ထီးနှင့် နောင်ခမ်းကော်ဖီ အစုအဖွဲ့ဥက္ကဋ္ဌ ဦးခွန်မျိုးညွန့်တို့မှ ကော်ဖီအစုအဖွဲ့ အဖွဲ့အစည်း ဆောင်ရွက်နေမှုများနှင့် အစုအဖွဲ့ဖြင့် ဆောင်ရွက်ရာတွင် ရရှိလာသော အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးပြီးနောက် ရှမ်းပြည်နယ်အရှေ့ပိုင်း လေ့လာရေး ကော်ဖီစိကိုက်တောင်သူများမှ သိရှိလိုသည်များကို မြေးမြန်းရာ အစုအဖွဲ့ဥက္ကဋ္ဌများမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရသည်။ ဟိုပုံးမြို့နယ်တွင် ကော်ဖီစိုက်ဧက ပေါင်း(၇၅၀)ဧက ကျော်ရှိပြီး တောင်သူများအတွက် လိုအပ်သော မျိုးစေ့၊ ပျိုးပင်၊ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များနှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများကို UNODC Project နှင့် ဟိုပုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဝေထားခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းမှ ပြောကြားခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)