ချောက် မတ် ၁၅
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ တွင်းလပ်ကျေးရွာအုပ်စု တွင်းလပ်ကျေးရွာ၌ ဆောက်လုပ်သော ကျေးလက်ကျန်းမာရေးဌာန စံကိုက်အဆောက်အဦ ဆောက်လုပ်ပြီးစီးမှု အခြေအနေအား မြို့နယ်ဆောက်လုပ်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦစိုးလွင်နှင့်အဖွဲ့သည် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကွင်းဆင်း ကြည့်ရှု၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တွင်းလပ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန စံကိုက်အဆောက်အဦအား ပြည်ကြီးမွန်ကုမ္ပဏီမှ ဆောက်လုပ်ခြင်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့် တစ်ထပ်အဆောက်အဦ (၃) လုံး ဆောက်လုပ်ခြင်းဖြစ်ပြီး အဆောက်အဦမှာ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)