ဒဂုံတောင် မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် လက်ရှိ ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ် ထိန်းချုပ်နိုင်ရေး အတွက် ကာကွယ်ဆေးထိုးနှံခြင်းများ အသွားအလာ ကန့်သတ်ထားရှိခြင်းနှင့် Mask Campaign ပြုလုပ်၍ Maskများ အခမဲ့ဖြန့်ဝေခြင်းများကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ အရှိန်အဟုန်ဖြင့် ပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီအချိန်မှစ၍ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ အမှတ်(၇၀)ရပ်ကွက်ရှိ အ.ထ.က(၄) ၊ အမှတ်(၁၄၀) ရပ်ကွက်ရှိ အ.မ.က(၂၄)ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ Mask များ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းသန်းအေး