မိုးနဲမြို့ ဆိုက်ဖယ်ကျေးရွာ၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၁/၂၀၂၂) ပို့ချ

မိုးနဲ မတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ စီစဉ်မှုဖြင့် ကျေးရွာများတွင် ကြက်ခြေနီလှုပ်ရှားမှုနှင့် ရှေးဦးပြုစုခြင်းများကို ပိုမိုနားလည်ပြီး တပ်ဖွဲ့ဝင်အင်အား ပိုမိုတိုးပွားလာစေ‌ရေး‌ရန် ရည်ရွယ်၍ အ‌ခြေခံရှေးဦးပြုစုခြင်းသင်တန်း (/၂၀၂) ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့နံနက်ပိုင်းက မိုက်ဟိုင်းကျေးရွာအုပ်စု ဆိုက်ဖယ် ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတိုးလှက သင်တန်းဖွင့်လှစ် ပို့ချပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနိုင်မင်းထွန်းနှင့် သင်တန်းနည်းပြများက ဒါဏ်ရာ အမျိုးမျိုး၊ သွေးယိုစီးခြင်း၊ အရိုးကျိုးခြင်း၊ လူနာစမ်းစစ်ခြင်း၊ ပတ်တီးစည်းနည်း စသည့်ရှေးဦးပြုစု ခြင်းဆိုင်ရာ သင်ခန်းစာများကို လက်တွေ့သရုပ်ပြ ပို့ချပေးခဲ့ကြသည်။

အဆိုပါ သင်တန်းကို ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံများကို သိရှိရန်၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် တိုးပွားလာစေရန်၊ အခြေခံပညာကျောင်းများနှင့် ရပ်ရွာလူထုအတွင်း ရှေးဦးပြုစုခြင်းဆိုင်ရာ နည်းပညာများ ပိုမိုသိရှိလာစေရန် ၊ဘေးအန္တရာယ်ကျရောက်လာပါက ဆေးရုံမရောက်မီ အမြန်ဆုံးနှင့် အထိရောက်ဆုံး ကြိုတင်ကုသကာကွယ် ပေးနိုင်စေရန် နှင့်ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား/သင်တန်းသူ ၃၀ ဦးတက်ရောက်ကာ သင်တန်းကို သုံးရက်ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

မျိုးညွန့်ရွှေ