ဇေယျာသီရီ မတ် ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာ အုပ်စု၊ ချောင်းကမ်းကြီးကျေးရွာ၌ မီးဘေးကြောင့်ပျက်စီးဆုံးရှုံးခဲ့သော မီးဘေးသင့် အိမ်ထောင်စု (၁) စုအား ထောက်ပံ့ငွေနှင့် ပစ္စည်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်သီတာဝင်း၊ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးရွှေနှင့် တာဝန်ရှိသူများက မီးဘေးကြောင့်ပျက်စီးဆုံးရှုံးခဲ့သော နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးထောက်ပံ့ငွေ တစ်သိန်းကျပ်၊ မီးဘေးသင့်လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း (၁၂၆၀၀)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးတို့ကို မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)