နွားထိုးကြီး မတ် ၁၈
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဥပဒေရုံးတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေးအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ကလေးအလုပ်သမား ပပျောက်ရေးအကြောင်း အသိပညာပေး Talk Show အစီအစဉ်တွင် ဥပဒေရုံး မှ ဒေါ်မွန်မွန်အောင်က အလုပ်ရှင်များအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာများ၊ ကလေးသူ ငယ်များ အတွက် အလုပ်ချိန် ကန့်သတ်ချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ် ကန့်သက် ချက်များ၊ ကလေးသူငယ်များကို အဆိုးဝါးဆုံးခိုင်းလျှင် ဥပဒေနှင့်အညီ အရေးယူအပြစ်ပေးမှုများ၊ ကလေးအလုပ် သမားပပျောက်ရေး ရည်မှန်းချက်များအကြောင်းတို့ကို အသိပညာပေး ဆွေးနွေးခဲ့ ကြောင်းသိရသည်။ သန်းအောင်ဇော်