မြောင်းမြ မတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ Talk Show ကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်စိုးက ကြက်ခြေနီ အမှတ် အသားအကြောင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း အကြောင်းအရာ များအား မေးမြန်းဆွေးနွေးခဲ့ရာ မြောင်းမြခရိုင် ကြက်ခြေနီအသင်း၊ တပ်ဖွဲ့မှူး ဦးစန်းဝင်းက ကြက်ခြေနီ အမှတ်အသား အဓိပ္ပာယ်ဖော်ညွှန်းချက်များ၊ သမိုင်းကြောင်း၊ ရည်ရွယ်ချက်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဆောင်ရွက်ချက်လုပ်ငန်းစဉ် (၃)ရပ်နှင့် အခြေခံမူ (၇) ချက်တို့အား ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အသိပညာပေး ဆွေးနွေး ပွဲ Talk Show များအပြင် အများပြည်သူ ဗဟုသုတ တိုးပွားစေရေးအတွက် Online မှ တစ်ဆင့် ပုံပြင်များ တင်ဆက်ပေးခြင်း၊ ကဗျာများရွတ်ဆိုပေးခြင်း၊ စာအုပ်များ မိတ်ဆက် ခြင်းများ အပါအဝင် အခြားဗဟုသုတရဖွယ် အစီအစဉ်များကို မြောင်းမြခရိုင် ပြည်သူ့ စာကြည့်တိုက် Facebook Page မှ တစ်ဆင့် တင်ဆက်ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ရူပါအေး