မြစ်ကြီးနား မတ် ၁၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ပြည်နယ်ကျောင်းကျန်းမာရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် ကျောင်းကျန်းမာရေးကော်မတီ နာယက ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး၊ ဦးဝင်းရဲထွန်းက ကျောင်းကျန်းမာရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ပြည်နယ်ပညာရေးမှူးရုံး၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တက်ရောက်လာသည့် ကျောင်းကျန်းမာရေး ကော်မတီဝင်ဌာနဆိုင်ရာများက ကျောင်းကျန်းမာရေးကော်မတီတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ကျောင်းကျန်းမာရေး ကော်မတီနာယက ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီးမှ လိုအပ်သည်များ ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
ခရိုင်(ပြန်/ဆက်)