Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (Book Club)အဖွဲ့နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း ဆောင်ရွက်
Jan 17,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Book Club အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန်က စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသော “လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ ဌာနဆိုင်ရာ ဝန်ထမ်းများအား (pfizer) ကာကွယ်ဆေးအခမဲ့ထိုးနှံပေးလျက်ရှိ
Jan 17,2025
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်အတွင်း နေထိုင်သည့် မိဘပြည်သူများ အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ဖြစ်ပွားတက်သည့်ရောဂါများ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်စေရေးအတွက် ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံ၌ ဂျာမနီနိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Pfizer)ကို ဇန်နဝါရီလ (၁၄) ရက်နေ့မှစ၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ အခမဲ့ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးမဏ္ဍိုင်မြို့ စက်သုံးဆီအရောင်းဆိုင်များနှင့် ဈေးဆိုင်များတွင် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ထားရှိမှု ရှိ/မရှိ လိုက်လံစစ်ဆေး
Jan 17,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၌ ပွင့်လင်းရာသီမီးဘေးလုံခြုံရေးအတွက် စက်သုံးဆီအရောင်းဆိုင်များနှင့် ဈေးဆိုင်များတွင် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများထားရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်၊ ပညာရေးဌာန၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ မြို့နယ်ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 17,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ကျောင်းသူ၊ကျောင်းသားများ၏ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ-ထ-က ရေဖြူကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးနည်းပညာ တက္ကသိုလ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ
Jan 17,2025
မန္တလေးနည်းပညာတက္ကသိုလ်၏ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ်ရှိ စုဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်းတွင် စာဖတ်စွမ်းရည်၊ ပုံပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jan 17,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား/သူများအနေဖြင့် ဉာဏ်ရည်၊ဉာဏ်သွေးထက်မြက်လာစေရန်၊ ယှဉ်ပြိုင်တက်သည့် အလေ့အကျင့်များ ရရှိစေရန်၊ အသိဉာဏ်ပညာဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် စာကြည့်တိုက်အသုံးချမှု ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့ညနေပိုင်းက ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည်၊ ပုံပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ တွေ့ဆုံဆွေးနွေး
Jan 17,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ရေနံချောင်းရေနံမြေ စွမ်းအင်ဧည့်ရိပ်သာ(၁၇)အစည်းအဝေးခန်းမ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေများကို မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန်းရွှေစက်တော်ဘုရားကြီးတွင် တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်နေပြီး ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်
Jan 17,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ ဘုရားဖူးလာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် မန်းချောင်းသောင်ပြင်အတွင်း၌ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်နေပြီး ပွဲတော်ကာလဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2138
Page
2139
Page
2140
Page
2141
Current page
2142
Page
2143
Page
2144
Page
2145
Page
2146
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department