Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းကိုင်မြို့နယ်၊ အ.လ.က(ပန်ကတ်)၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 17,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ အ.လ.က(ပန်ကတ်)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မနက်ပိုင်းက အဆိုပါကျောင်းကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး(၁/၂၀၂၅)ကျင်းပ
Jan 17,2025
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး(၁/၂၀၂၅)ကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ ဧရာဝတီ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် မင်းလွင်ကျောင်းကုန်း (အ.လ.က)တွင် အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jan 17,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မင်းလွင်ကျောင်းကုန်း အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် ကိုက်လန်သီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ
Jan 17,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံစိုက်ပျိုးကြရာ ကိုက်လန်သီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ရရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နယ်လှည့်ကွင်းဆင်းဆေးကုသခြင်း အစီအစဉ်ဖြင့် ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနေ ပြည်သူလေးရာငါးဆယ်ကျော်တို့အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆေ…
Jan 17,2025
ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် နယ်လှည့်ကွင်းဆင်းဆေးကုသခြင်းအစီအစဉ်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာနေ ပြည်သူလေးရာငါးဆယ်ကျော်တို့အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲကျင်းပ
Jan 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် နိုင်ငံတော်အတွက် လိုအပ်သော ဘက်စုံထူးချွန်သည့် လူ့စွမ်းအားအရင်အမြစ်များစွာ ပေါ်ထွန်းလာစေရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသားများဖြင့် ပူးပေါင်းကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့၊ (အ.မ .က)ရွာသစ်မြောက် ကျောင်းဝန်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ် အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းတွင် တစ်ခါသုံးပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ပတ်၀န်းကျင်ညစ်ညမ်းမှုအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ
Jan 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ တစ်ခါသုံးပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ပတ်၀န်းကျင်ညစ်ညမ်းမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းတွင် ယနေ့ နံနက်(၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းစစ်ဆေး အသိပညာပေးခြင်း ဆောင်ရွက်
Jan 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးအသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းမှစ၍ ဆမားဒူးဝါးရပ်ကွက်တွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2140
Page
2141
Page
2142
Page
2143
Current page
2144
Page
2145
Page
2146
Page
2147
Page
2148
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department