ပြည်ကြီးမဏ္ဍိုင်မြို့ စက်သုံးဆီအရောင်းဆိုင်များနှင့် ဈေးဆိုင်များတွင် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ထားရှိမှု ရှိ/မရှိ လိုက်လံစစ်ဆေး

ပြည်ကြီးမဏ္ဍိုင်  ဇန်နဝါရီ  ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၌  ပွင့်လင်းရာသီမီးဘေးလုံခြုံရေးအတွက် စက်သုံးဆီအရောင်းဆိုင်များနှင့်  ဈေးဆိုင်များတွင်  မီးဘေးကြိုတင်ကာကွယ်ရေး  ပစ္စည်းများထားရှိမှု  ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  မြို့မီးသတ်ဦးစီးဌာနမှ  လက်ထောက်မီးသတ်ဦးစီးမှူး  ဦးမျိုးမင်းထွန်း ဦးဆောင်ပြီး တာဝန်ရှိသူများက ပွင့်လင်းရာသီမီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်အတွက် မီးသတ်ဆေးဘူးအား ကိုင်တွယ်အသုံးပြုပုံအဆင့်ဆင့်၊ အသုံးပြု၍မရသော မီးသတ်ဆေးဘူးများအား အသစ်လဲလှယ်ထားရှိရေးနှင့် မီးလောင်လွယ်သော သုံးစွဲပြီး အမှိုက်သရိုက်များအား စနစ် တကျ စွန့်ပစ်စေရေး၊ မီးချိတ်၊ မီးကပ်၊ မီးသတ်ဆေးဘူးများအား အလွယ်တကူ  အသုံးပြု၍ရသော နေရာတွင် အရန်သင့် ချိတ်ဆွဲ တပ်ဆင်ထားရှိရေး၊ မီးသုံးစွဲမှု အ‌ခြေအနေနှင့်  မီးစနစ်တကျသုံးစွဲမှု  ရှိ/မရှိ လိုက်လံစစ်ဆေး၍ မီးမလောင်ခင်၊ မီးလောင်နေစဉ်နှင့်မီးလောင်ပြီးလျှင်  ဆောင်ရွက်ရမည့် နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)