Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြောင်းမြမြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်
Jan 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မီးဘေးအန္တရာယ်စိုးရိမ်ရသည့် (gas) အရောင်းဆိုင်များစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာ၌ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်တစ်လုံး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွား
Jan 15,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာတွင် ယမန်နေ့ ည ၈ နာရီကျော်အချိန်ခန့်က ထင်းမီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်တစ်လုံး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့၌ မီးသတိမူရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေး
Jan 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နှင့် မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတိမူရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယသီးနှံနွေစပါး (အောင်နိုင်တိုး) အား လက်ဆွဲကောက်စိုက်စက်နှင့် ကူဘူတာကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြ
Jan 15,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယသီးနှံနွေစပါး (အောင်နိုင်တိုး) အား လက်ဆွဲကောက်စိုက်စက်နှင့် ကူဘူတာကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ရင်းငြိမ်မြောက်ကျေးရွာ တောင်သူတစ်ဦး၏ လယ်မြေ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းဆောင်ရွက်
Jan 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက် ဘိုးဘွားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.က(၃)တွင် လူငယ်စကားဝိုင်း ကျင်းပ
Jan 15,2025
ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်တက်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.က(၃) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့၌ ဒေသထွက်တစ်သျှူးငှက်ပျောသီးဝိုင်နှင့် ဂရိတ်ဖရုဝိုင် ထုတ်လုပ်မှုနည်းပညာလွှဲပြောင်း သင်တန်းဖွင့်ပွဲကျင်းပ
Jan 15,2025
ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြည်နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဒေသထွက်တစ်သျှူးငှက်ပျောဝိုင်နှင့် ဂရိတ်ဖရုဝိုင် ထုတ်လုပ်မှုနည်းပညာ လွှဲပြောင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲက မြစ်ကြီးနားမြို့ရှိ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jan 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီကာလရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှုရှိစေရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး အသိပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2134
Page
2135
Page
2136
Page
2137
Current page
2138
Page
2139
Page
2140
Page
2141
Page
2142
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department