ကော့ကရိတ် ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်အတွင်း နေထိုင်သည့် မိဘပြည်သူများ အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ဖြစ်ပွားတက်သည့်ရောဂါများ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်စေရေးအတွက် ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံ၌ ဂျာမနီနိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Pfizer)ကို ဇန်နဝါရီလ (၁၄) ရက်နေ့မှစ၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ အခမဲ့ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးကို အိုမီခရွန်ကိုရိုနာဗိုင်းရပ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၁၀:၃၀ နာရီအချိန်က ကော့ကရိတ်မြို့၊ ဒေါနခန်းမ၌ ဌာနဆိုင်ရာ ဝန်ထမ်းများအား ခရိုင်ပြည်သူ့ဆေးရုံကျန်းမာရေးဝန်ထမ်းများမှ လာရောက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)