မန္တလေးနည်းပညာ တက္ကသိုလ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

မန္တလေး ဇန်နဝါရီ ၁၇

မန္တလေးနည်းပညာတက္ကသိုလ်၏ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ်ရှိ စုဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့  မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းက ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး၊ မန္တလေးနည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ အဆို၊အကများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ မြို့တော်ဝန်ဦးကျော်ဆန်း၊ သယံဇတရေးရာဝန်ကြီး ဦးရွှေဇင်၊ ဥပဒေချုပ် ဦးမြင့်အောင်၊ မန္တလေးနည်းပညာ တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာ စန်းယုခိုင်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေနှင့်ဝန်ကြီးများသည် အဆို၊ အကအဖွဲ့များတွင် ပါဝင်ကြသည့် ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ကျောင်းသား/သူများ၏ ဈေးရောင်းပွဲတော် အတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)