Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မုံရွာမြို့၌ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဥ်ဖြင့် အခြေခံစားနပ်ရိက္ခာ(၄)မျိိုး ဆန်၊ဆီ၊ဆား၊ပဲ နှင့် အာဟာရမုန့်များ (၃) လ တစ်ကြိမ် ပေးအပ်မည်
Jan 13,2025
ကမ္ဘာ့စားနပ် ရိက္ခာအစီအစဥ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာ၍ မုံရွာမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းနေထိုင်သည့် မိသားစုများအား စားသောက်နေထိုင်ရေး အဆင်ပြေစေရေးအတွက်ရည်ရွယ်ပြီး အခြေခံစားနပ်ရိက္ခာ (၄) မျိုး ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် အာဟာရမုန့်များ (၃) လတစ်ကြိမ်ပေးအပ်မည်ဖြစ်ရာ ယနေ့နံနက်ပိုင်းကစတင်ပြီး မုံရွာမြို့ပေါ်ရပ်ကွက်များရှိ အိမ်ငှါး၊ ဘာသာရေးအဆောက်အဦး၊ ဆွေမျိုး၊ မိတ်ဆွေအိမ်များတွင် နေထိုင်ကြသည့် နေရပ်စွန့်ခွာမိသားစုများ မကျန်ရှိစေးရေးနှင့် မသက်ဆိုင်သူများထံသို့ မရောက်ရှိစေရေးအတွက် အနာဂတ်အလင်းတန်း (ရောင်) လူငယ်ဖွံ့ဖြိုးရေးအဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့တို့မှ ဝန်ထမ်းများပူးပေါင်းကာ အိမ်ထောင်စု လူဦးရေးစာရင်းများကို စနစ်တကျကောက်ခံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့ကျက်သရေဆောင်၊ သမိုင်းဝင် ရွှေမြင်တင်းစေတီ တော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ၊ ရွှေသင်္ကန်း ကပ်လှူနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများ ကြည့်ရ…
Jan 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့ကျက်သရေဆောင်၊ သမိုင်းဝင် ရွှေမြင်တင်းစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ၊ ဆင်းတုတော်များ၊ လုံးတော်ပြည့်ကပ်လှူနိုင်ရေးပြင်ဆင်ဆောင်ရွက်နေမှုများ ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့တွင် မြတ်ရတနာစာချဓမ္မစကူးလ်သင်တန်း ဆင်းပွဲကျင်းပ
Jan 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြတ်ရတနာစာချဓမ္မစကူးလ်သင်တန်းဆင်းပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကြံခင်းမြို့ စံရာတိုက်စာချကျောင်း၊ ဓမ္မာရုံအတွင်းကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ၃၄၄၈၀ ဧက စိုက်ပျိုးပြီးစီး
Jan 13,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ၃၄၄၈၀ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၌ (၁၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပပြုလုပ်
Jan 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ ကရင်ကျောင်းလမ်းရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ပင်မသုံးထပ်ဆောင် ရွှေဝါထွန်းခန်းမတွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၏ (၁၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီကစတင်၍ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်
Jan 13,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လူမှုရေးရာဝန်ကြီး သာယာအေးရပ်ကွက်စာကြည့်တိုက် ဆောက်လုပ်မှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
Jan 12,2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် သာယာအေးရပ်ကွက်၌ စာကြည့်တိုက်အဆောက်အအုံသစ် တည်ဆောက်မှု အခြေအနေများကို လူမှုရေးရာဝန်ကြီးက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ပေးအပ်ပွဲကျင်းပ
Jan 12,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ပွဲအား ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2007
Page
2008
Page
2009
Page
2010
Current page
2011
Page
2012
Page
2013
Page
2014
Page
2015
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department