အမြို့မြို့အနယ်နယ်သတင်းများ

Jan 12,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ အခြေခံပညာမူလတန်း(ခမရ-၅၂၄)ကျောင်းတွင် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 12,2025
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၏ ၂၀၂၄ ပညာသင်နှစ်၊ အဝေးသင်သင်တန်း (တတိယအကြိမ်) ဘွဲ့နှင်းသဘင်အခမ်းအနားကို အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့ နံနက် ၉ နာရီ အချိန်က ဆက်လက်ကျင်းပသည်။
Jan 12,2025
မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရှင်သန်ခိုင်မာစေရေးတို့ကို ရည်ရွယ်၍ အခြေခံစာကြည့်တိုက်ပညာဆင့်ပွား သင်တန်းကို ယနေ့နံနက် (၁၀) နာရီခွဲက ခရိုင်ရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 12,2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)တွင် ယနေ့နံနက် ၉ နာရီက (၁၄)ကြိမ်မြောက် ကွန်ပျူတာသိပ္ပံဘွဲ့နှင့် ကွန်ပျူတာနည်းပညာဘွဲ့များကို အပ်နှင်းပေးအပ်သည်။
Jan 12,2025
စာပေဖတ်ရှုအလေ့အကျင့်ရရှိစေရန်နှင့် အသိပညာတိုးပွားစေရေး၊ အမှားအမှန် ဝေဖန်ပိုင်းခြားသိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့တို့ပူးပေါင်းကာ စာဖတ်ဝိုင်းကိုလှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ (Book Club)အသင်းဥက္ကဋ္ဌနှင့် စာရေးဆရာ/ဆရာမများ၊ စာပေချစ်မြတ်နိုးသူများတက်ရောက်ကြသည်။
Jan 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းကျောင်း (ဟိုခန့်)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက်(၁၀:၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 12,2025
မြန်မာနိုင်ငံ၏ အထိမ်းအမှတ် Landmark တစ်ခုဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၏ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် (၁၇) ကြိမ် မြောက်ပန်းပွဲတော်( Floral Fantasia 2024)သို့ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ လာရောက်အပန်းဖြေသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့အထိ ထပ်မံတိုးမြှင့် ဖွင့်လှစ်ထား ကြောင်းသိရသည်။