သာစည်မြို့နယ် အ.ထ.က(ခွဲ)ကြာဘက်ကုန်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်

သာစည် ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ကျောင်းသားလူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၀ ရက်က အ.ထ.က(ခွဲ)ကြာဘက်ကုန်းတွင် ပြုလုပ်ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ကြီးဦးကျော်လွင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထွေးထွေးစိန်က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် အသိပညာပေးပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ဦးဇော်မင်းထွေးက သုတရသစာပေများနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများကို ပြောကြားပြီး စာဖတ်ကြရန်တိုက်တွန်းပြောကြားသည်။

ထို့နောက် အသိပညာပေးပြသထားသော နံရံကပ်စာစောင်များနှင့်ဓာတ်ပုံများ၊ သုတ၊ရသ စာအုပ်စာစောင်များကို ဆရာ/မများနှင့် ကျောင်း သား၊ ကျောင်းသူများက ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)