ကော့ကရိတ် ဇန်နဝါရီ ၁၁
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကော့ကရိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လှိုင်ဝ ကေသီရိခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လှိုင်ဝကျောင်းသား/သူများက"ကြိုဆိုပါသည်စုံညီပွဲတော်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ရီရီခိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) လှိုင်ဝကျောင်းအုပ်ဆရာကြီး ဦးဇေယျာစိုးမှ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များရှင်းလင်းပြောကြားပြီး အခမ်းအနားဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြသော သက်ဆိုင်ရာတာဝန်ရှိသူများက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၄-၂၀၂၅ပညာသင်နှစ်အတွင်း ပညာရည်ချွန်ဆုများရရှိသည့် ကျောင်းသား/သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်၍ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။ ယင်းနောက် ဆရာမများ၊ ကျောင်းသား/ကျောင်းသူများမှ အနုပညာစွမ်းရည်အကအလှများဖြင့် သီဆိုဖျော်ဖြေကြပြီး ဝမ်းသာပျော်ရွှင်စွာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)