လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း)၊ ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ယမန်နေ့ နံနက်(၉)နာရီ၌ အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁) အားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘောက အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့် တစ်နှစ်တာကျောင်းလုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍  မြန်မာ့ရိုးရာစန္ဒယားအတီးပြိုင်ပွဲတွင် ဆုရရှိသူကျောင်းသူမှ ဖျော်ဖြေခြင်း၊ ဆရာ၊ ဆရာမများမှ စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် သီဆိုကပြခြင်း၊ အခြေခံပညာအထက်တန်းကျောင်းအသီးသီးမှ ကျောင်းသား၊ကျောင်းသူများမှ စကားဝါမြေသီချင်းနှင့် နှစ်ပါးမြိုင်ထအကဖြင့် ကပြဖျော်ဖြေလျက်ရှိသည်။

ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာရွတ်နှင့်ပန်းချီပြိုင်ပွဲအသီးသီးတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူတို့အား မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ရှိသည်၊၊

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများတက်ရောက်လျက်ရှိပြီး ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများမှ ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)