တိုက်ကြီးမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

တိုက်ကြီး ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး) အနော်ရထာခန်းမ၌ကျင်းပသည်။

ဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူ‌အောင်ကအဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာ‌ရေးမှူးရုံးမှ လက်ထောက်ညွှန်​ကြားရေးမှူး ဒေါ်ခင်မာဝေက အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါက်တာမိုးစန္ဒာသိန်းက ပညာရေးစုံညီပွဲတော်ကျင်းပရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဘက်စုံထူးချွန်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်မာအေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများချီးမြှင့်သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ပြီး အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)