ရွှေကျင် ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က သောင်လယ်ကျေးရွာ အခြေခံပညာမူလတန်း(လွန်) မဒေါက်ကလေးကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးအောင်ပြည့်ဖြိုးက အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးမျိုးငြိမ်းက စာပေဖတ်ရှု့ခြင်း၏ အကျိုးကျေးဇူးအကြောင်းနှင့် လူကုန်ကူးမှုအန္တရာယ်ခေါင်းစဥ်ဖြင့် အကျယ်တဝင့် ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည့်မေးမြန်းချက်များကို မေးမြန်းကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်းက ပြန်လည်ဖြေကြားပေးခဲ့ပြီး နယ်လှည့်စာကြည့်တိုက်လှုပ်ရှားမှုအဖြင့် သိကောင်းစရာအသိပညာပေး သုတ၊ ရသ စာအုပ်စာစောင်များအားပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)