ကလေးဝမြို့ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

ကလေးဝ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့  အ‌ခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည်စုံညီပွဲတော်”သီချင်းဖြင့်  အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပညာရေးစုံညီပွဲတော်အခမ်းအနားကိုပြုလုပ်ရာ အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်‌ဇော်ဇော်အောင်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူး ဦး‌မောင်လွင်က ပညာရေးစုံညီပွဲတော်၏ ရည်ရွယ်ချက်နှင့် ပညာရေး၏ တန်ဖိုးများအား ရှင်းလင်းပြောကြားပြီး ကျောင်းကော်မတီဥက္ကဋ္ဌ ဦးဝင်းအောင်က ကျောင်းဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများ လုပ်ဆောင်မှုနှင့်ပတ်သက်၍ ရှင်းလင်း‌ပြောကြားကာ အ.မ.က(၂) မူလွန် ကျောင်းအုပ်ဆရာကြီး ဦးစိန်မြင့်က ကျောင်းသားမိဘများကိုယ်စား ကျေးဇူးတင်စကား‌ ပြောကြားပြီး ကျောင်းဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းသားမိဘများက ဝိုင်းဝန်း ပံ့ပိုးပူးပေါင်းကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်၂၀၂၄ ခုနှစ် မတ်လတွင်ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရရှိခဲ့သော ကျောင်းသား ကျောင်းသူများ၊ တိုင်းဒေသကြီးအဆင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ပန်းချီပြိုင်ပွဲ မြို့နယ်အဆင့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိခဲ့သော ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးတို့က  ဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)