အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2022
ပြည်သူများ ကိုဗစ်-၁၉‌ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကြို တင်ကာကွယ်နိုင်ရေး လိုက်လံအသိပညာပေးနှိုးဆော်ခြင်းကို ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များတွင် ယနေနံနက်ပိုင်းက အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Jan 14,2022
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကလောင်းလုံး မြို့နယ်ခန်းမ၌ စနစ်တကျ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Jan 14,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများကို  ယမန်နေ့နေ့လည်ပိုင်းက ဆေးထိုးစုရပ်(၄)နေရာတွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျှက် ရှိကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
Jan 14,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မြို့ပေါ်(၇) ရပ်ကွက်တွင် မီးသတ် မော်တော်ယာဉ်ဖြင့် လှည့်လည်၍မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ညနေ (၃) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 14,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ် တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်းများအနက်မှ အမှတ်(၂)ရပ်ကွက်တွင် ပြုလုပ်ဆောင်ရွက်မည့် မြေနီကျောက်ချောလမ်း (၃)လမ်းနှင့် ပတ်သက်၍ ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းပွဲကို ယမန်နေ့ နေ့လည် ၂ နာရီက အမှတ်(၂)ရပ်ကွက် ရွှေဂူရပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 14,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်၊ ရွာလင်းကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို ယမန်နေ့နံနက် (၉)နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပါသည်။
Jan 14,2022
တနင်္သာရီတိုင်းဒေသကြီး၊  ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်နှင့် ၀န်ထမ်းများက ယမန်နေ့ နံနက်(၉) နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် အိန္ဒရာဇာကျေးရွာ၊ အခြေခံပညာ အလယ်တန်း ကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 14,2022
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မဲသပုံ-ကွီးကျယ် ရေတံခွန်ထိ ရွာချင်းဆက်မြေလမ်း (၂)မိုင်အား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို နို၀င်ဘာလ ၂၁ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့တွင်မူ (၇၅)ရာခိုင်နှုန်းခန့်ထိ ဆောင်ရွက်ပြီးစီး‌နေပြီး ဖြစ်ကြောင်း သိရသည်။