အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဇန်နဝါရီ ၁၃ ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ ပတ္တမြားအစည်းအဝေးခမ်းမ၌ လူဦးရေစာရင်းစိစစ်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သည်။
Jan 14,2022
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့နံနက် ၉ နာရီခွဲ က လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည်။
Jan 14,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် Omicron (အိုမီခရွန်) Virus ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်မှုဖြင့် ရောဂါ ကာကွယ်ရေးလုပ်ငန်းစဥ်များ အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 14,2022
ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မ အောက်ပိုင်း ဘောလုံးကွင်းတွင်  ပြည်ထောင်စု ငြိမ်းချမ်းရေးဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲနှင့် ကွင်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့နေ့လည်(၂)နာရီ၌ စတင် ကျင်းပသည်။
Jan 14,2022
လူငယ်များ စာဖတ်ရှိန်မြင့်မား‌ရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေးကို ရည်ရွယ်၍ ဧရာဝတီ တိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre ခန်းမ)တွင် Youth Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၄ ရက် နံနက် ၁၀ နာရီက ပြုလုပ်သည်။
Jan 14,2022
ယခုအချိန်ကမ္ဘာတစ်လွှားတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ (အိုမီခရွမ်) omicrom ဖြစ်ပွားနေသည့် အတွက်ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ် နေပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ (အိုမီခရွမ်) omicrom ကူးစက်မှုမှ ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီဌာန ၀န်ထမ်းများက ယနေ့နံနက်၉နာရီ အချိန်က မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လက်ကိုင်(Hand speaker)ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။   
Jan 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူမရှိသလောက် နည်းပါးသွားသော်လည်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ လက်ရှိကူးစက် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ မျိုးကွဲအိုမီခရွန် ကြိုတင်ကာကွယ်ရေးလမ်းညွှန် ချက်များအား ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကာကွယ်ဆေးအား အကြိမ်ပြည့်လာ‌ရောက်ထိုးနှံရေး အသိပေးကြေညာခြင်းကို ယမန်နေ့ညနေပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်အတွင်း လက်ကိုင်အသံချဲ့စက်ဖြင့် လိုက်လံကြေညာပေးလျက်ရှိကြောင်းသိရသည်။