အမြို့မြို့အနယ်နယ်သတင်းများ

Jan 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်း ၊ အလယ်တန်းကျောင်းများရှိ အသက် (၁၂)နှစ် အထက်ကျောင်းသား၊ ကျောင်းသူ ၁၈၅၀ ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံပေးခြင်းကို ဇန်နဝါရီလ (၁၄) ရက်နေ့ နံနက် (၀၉:၀၀) နာရီ အချိန်မှစတင်ပြီး အထက(၁)၊ အထိက(၂) အပါအဝင် မြို့နယ်အတွင်း ဆေးထိုးစုရပ် (၁၂)ခု၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 14,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေ ပြု ဗဟိုဌာန (Community Center)ခန်းမ၌ ယနေ့ နံနက်၁၁ နာရီက  စာပေချစ်မြတ်နိုးသူ(Women Club)အသင်းအဖွဲ့ဝင်များ စုပေါင်း၍ “ရည်မှန်းချက် နှင့် ပြဿနာအထွေထွေ”စာအုပ်ဖြင့်စာဖတ်ဝိုင်း ဆောင်ရွက်ကြောင်းသိရသည်။
Jan 14,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းဦးကျေးရွာတွင်  ခရမ်းကြွပ်သီးအပါအဝင် တစ်ပိုင်တစ်နိုင်ဟင်းသီးဟင်းရွက်များစိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် နှစ်စဉ်မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။  
Jan 14,2022
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်း က မုဒုံမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ် (၆) လ ဘတ်ဂျက်ကာလအတွင်း ကန်ကြီးကန်ပတ်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်နေမှု တို့ကိုကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
Jan 14,2022
နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးကို ရည်ရွယ်ကာ နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၂) အစည်းအဝေး အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
Jan 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်းတွင် ပြောင်းလဲလာသော စိုက်ပျိုးရေးပုံစံနှင့်အညီ စိုက်ပျိုးရေး လုပ်ကိုင်သူများသည် ယခင်ကကဲ့သို့ သီးနှံ(သို့)ပန်းမန်များကို ပုံသေစိုက်ပျိုးခြင်းအစား စျေးကွက်လိုအပ်ချက် နှင့်အညီ ရာသီအလိုက် သီးနှံများ၊ ပန်းမန်များကို ပြောင်းလဲစိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးလုပ်ကိုင်သူများက သုံးသပ်ပြောပြသည်။
Jan 14,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ်တွင် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစုရပ်အဖြစ် မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်(၂)နေရာခွဲ၍ ဆက်လက်ထိုးနှံပေးခြင်းကို ဇန်နဝါရီလ(၁၄)ရက်နေ့ နေ့လည်(၁)နာရီအချိန်က ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမနှင့် ပြည်သူ့အားကစားခန်းမတို့တွင် ဆေးထိုးစုရပ်ထားရှိကာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 14,2022
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန် သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။